Friday, May 15, 2009

Tribute to Masoeyein Sayadaw

“မစိုးရိမ် အလွမ်း”

မာမာအေး

ဧပြီ ၃၀၊ ၂၀၀၉

သာသနာ ကမ္ဘာတည်သရွေ့

ကြာရှည်မမေ့ သတိုးစိန်

ဇာနည်ဓလေ့ မစိုးရိမ် ရယ်

ညှိုးမမှိန် စာတမ်း

သည်အလွမ်း ဘယ်ခါပြေမယ်

စိန္တေဝယ် လျှောက်ကြည့်ချင်စမ်း။

ထေရ်ဘုန်းမြတ် ကောဝိဒါ ငယ်

မောဠိ သာသနာ စောင့်သုံး

ဇောရှိအခါခါ ဖြောင့်ရုန်းရှာရ

ခေါင့်ဖုန်းဖျာ့ ဒေသစာ၊

ဝေဒနာ အသာထား

ညာမဝါး စာသမားပီသတာ၊

ဝေနေယျ သူသူငါကို

ပျူပျူငှာ ဉာဏ်ပေးလို့

ဗုဒ္ဓဆေးတိုက်ကြွေးရှာ

ကိုယ်ကျိုးမပါ၊

ပုံရုပ်လွှာ ပြုံးပျော်ရှာတယ်

ဘုန်းမော်မဟာ သဒ္ဓါတုန်းဖျာ့လေး။

(မစိုးရိမ်ဆရာတော်အမှတ်တရတေးထပ်။ ၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့။ နံနက် ၃းဝဝ နာရီ)

No comments: